Sunday, March 29, 2009

သင့်အတွက် နှစ် ၆၀

ကရင်အမျိုးသားထုတရပ်လုံး မျှော်လင့်တောင့်တနေသော လွပ်လပ်ငြိမ်းချမ်းသည့် အနာဂတ်ဘ၀နှင့် အမျိုးသားညီညွတ်ရေးကို ဦးတည်စေမည့် ကရင်အမျိုးသားတရပ်လုံး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် စောဘဦးကြီးမူ ၄ချက်ကို ကိုင်စွဲပြီး ခန္ဓာ၊ သွေးချွးသာမက အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော၊ ဆက်လက်တိုက်ပွဲဝင်လျှက်ရှိသော တော်လှန်သော မျိုးချစ်သူရဲကောင်း တော်လှန်ရေးသမားအပေါင်းကို ဂုဏ်ပြုမှတ်တမ်းတင်ထားသည့်

သင့်အတွက် နှစ် ၆၀ DVD Karaoke မကြာမီ ထွက်မည်။

နာမည်ကြီးကရင်အဆိုတော် စောကျော်လိုက်သိမ့်၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးကြီးစောဂျော်နီအပါအ၀င် နာ မည်ကြီး ကရင်အဆိုတော်၊ အဆိုကျော်များက ကရင့်တော်လှန်ရေးအတွက် ဂုဏ်ပြုခံစားသီဆိုထား ခြင်းဖြစ်ပြီး ပရိဿများအနေဖြင့် မကြာမီ အားပေးနားဆင် ခံစားနိုင်တော့မည် ဖြစ်သည်။
အမျိုးသားညီညွတ်ရေးကို ပြန်လည်တည်ဆောက်ပြီး စစ်မှန်သည့် လွတ်လပ်မှုကို အရယူကြပါစို့။
အဲခေါင်သောင့်

ဆက်လက်ဖတ်ရှုရန်....

Friday, March 27, 2009

သည်လူလားစိတ်ကောင်းသမား?

မျက်နှာသည်စိတ်သဏ္ဍာန်၏ရုပ်ပြဖြစ်လျှင်..စိတ်တွင်းမှ
ကြံစည်သမျှ မျက်နှာတွင် ဖျက်လို့မရ ကိုယ့်ဘာသာကိုယ်ချယ်မှုန်းကြမည်ဆိုသည်မှာသံသယဖြစ်စရာလိုမည်
မထင်ပါ....စိတ်ချမ်းသာလျှင်မျက်နှာတွင်ပေါ်သည်..စိတ်ဆိုးဒေါသထွက်လျှင်အသင့်မျက်နှာ
အဘယ်သို့ရှိမည်ထင်သနည်း....ကြည်လင်သန့်ရှင်းဖေါ်ရွေသောမျက်နှာရှင်သည် ပကတိသူ့စိတ်အစဉ်လည်း
အေးမြအောင်ရှိနေရပါမည်...ဒုက္ခသုခနှင့်ဆိုင်လိမ့်မည်မထင်ပေ..ချစ်ကြည်သူတွေများလို့..
တိုက်ခိုက်သူတွေရှိနေလို့..ဒါတွေနှင့်လည်းလုံးလုံးသက်ဆိုင်လိမ့်မည်မဟုတ်ပေ....
ဥပမာအနေဖြင့်ပြရလျှင်..အမေရိကန်လိုနိုင်ငံကြီးတွင်သူဖြူလျှင်ငါအမဲ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြတဲ့
လူအမျိုးမျိုးစိတ်အဖုံဖုံ ပြဿနာပေါင်းစုံနှင့် ဤနိုင်ငံတွင်လွန်ဆွဲအားကြီးလွန်းလှသည်..
ခေါင်းဆောင်တစ်ယောက်အဖို့သည်လိုအခြေအနေတွင် တော်ရုံတန်ရုံစိတ်ထားကောင်းရုံနှင့်
အပြုံးတွေပျောက်ကွယ်ပြီး ဘီလူးသရဲရုပ်ပေါက်လာမည်မှာမလွဲပေ..အာဏာရလာသည်နှင့်လူတွေသည်
ဇာတိရုပ်သည်ပေါ်လာကြရသည်....စိတ်ထားသည်ဤနေရာတွင်ပါဝါပြကြ၏..ကောင်းသောသူများ
အများအကျိုးကောင်းဖို့သယ်ပိုးကြသလို မကောင်းသောမသူတော်များကိုယ်ကျိုးအတွက်ရက်စက်ပြပါလိမ့်မည်
စိတ်သွားတိုင်းကိုယ်ပါကြရသောသည်လူ့ဘုံ..တိုးတက်ထွန်းကားပြီးလူ့အသိဥာဏ်ဖွံ့ဖြိုးလွန်းလှသော
သည်ခေတ်..သည်လိုအခါကြုံရပါလျှက်နှင့်တစ်ချို့သောလူတွေသည်ခေတ်နောက်ပြန်ဆွဲကြ၊
ဟိုး...ရှေးပဝေသဏီကဘုရင်ခေတ်လိုလို ရောမခေတ်လိုလို.. တစ်ကိုယ်ကောင်းဆန်တဲ့လူ့စိတ်အရိုင်း
ကျောက်ခေတ်ကတိရစ္ဆာန်သာသာလူ့ယဉ်ကျေးမှုလိုလို..ဇာတ်ထဲမှာသာကပြရမည့်အရာကို
လောကဇာတ်ခုံမှာကလိုကနဲ့ ၊ လူအများဒုက္ခရောက်ကြ အော်ဟစ်ငိုယိုနေကြတဲ့အချိန်မှာ မျက်စိစုံမှိတ်လို့ဥပေက္ခာတရား တကယ်ဘဲသူများပြောသလိုတရားပေါက်လို့ ပွါးများလိုက်တာလား၊
တကယ်ဆို သည်လူ့စိတ်ထားမျက်နှာမှာအထင်းသား....အကဲခတ်သမားများခွဲခြား.....ခွဲခြားကြပေါ့ဗျား....
ပြည်သူ့အရေး..အများအရေး ဦးစားပေးလို့အများအကျိုးသယ်ပိုးရတာခေါင်းအထက်မှာလေးနေပေမဲ့..လူတကာ
ပြေလည်လို့ဒုက္ခတွေဝေးကြယင် စိတ်မှာလည်းအေး သူ့အပြုံးနွေးနွးလေးပေါ့...လူတကာတိုင်းအားကိုးနိုင်တဲ့
မဟာ့မဟာဂရုဏာတရားတွေက ဒီလူတွေရဲ့ကိုယ်စိတ်နှလုံးသားထဲမှာလှည့်ပတ်ကိန်းအောင်းလျှက်ဘဲဗျ..
တကယ်ဆို သည်လူ့စိတ်ထား မျက်နှာမှာအထင်းသားပါဗျာ...အကဲခတ်သမားများ ခွဲခြား..ခွဲခြား။
sawstar
http://www.sawstar-sawstar,blogspot.com မှကူးယူဖေါ်ပြပါသည်

ဆက်လက်ဖတ်ရှုရန်....

Wednesday, March 25, 2009

KNU လက်နက်ချရေး ထိုင်းကို စစ်အစိုးရဖိအားပေး

NEJ / မတ်လ(၂၄) ရက်၊ ၂၀၀၉

ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ကို စံထားသည့် နိုင်ငံဖြစ်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပါအ၀င် တော်လှန်ရေးအဖွဲ့အစည်းများအား ဆိုးဆိုးဝါးဝါးအခြေအနေမျိုးရောက်အောင် တွန်းပို့မည့် နိုင်ငံမဟုတ် ဟု ယုံကြည်ကြောင်း ကေအန်ယူက ပြောသည်။



အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွင် ထိုင်း-မြန်မာနယ်စပ်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရဘက်က အကူအညီတောင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ယခုကဲ့သို့ ခေတ်ပြိုင်သို့ ပြောခြင်းဖြစ်သည်။

ပဒိုဒေးဗစ်သကဘောက “ဒီကိစ္စနဲ့ပတ်သက်ပြီး အများကစိုးရိမ်နေကြတယ်။ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို စံထားတဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့အပေါ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်သူလိုမမြင်ဘူး။ ထိုင်းဟာဒီမိုကရေစီကို လေးစားတဲ့ နိုင်ငံဆိုတော့ အဲဒီလို မတရား မမှန်မကန် လုပ်လေ့မရှိဘူး။ မမှန်မကန်လုပ်ရင် တရားမျှတတဲ့ ငြိမ်းချမ်းရေးကို ရမှာမဟုတ်ဘူး။ ရေရှည်မှာ အကျိုးမရှိဘူးဆိုတာ သူတို့နားလည်ပါတယ်။ ထိုင်းနိုင်ငံဟာ နိုင်ငံတကာစံနဲ့ အလုပ်လုပ်တဲ့ အစိုးရဖြစ်တယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် ကေအန်ယူအား နားချပေးရန် ဦးဉာဏ်ဝင်းက တောင်းဆိုခဲ့သည်။

ကာဆစ် မြန်မာနိုင်ငံသွားခြင်းသည် ထိုင်းတွင်သောင်တင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအရေးကို စစ်အစိုးရက မည်သို့ကူညီမည်ဆိုသည့်ကိစ္စ ဆွေးနွေးရန်ဖြစ်သည်။ ရိုဟင်ဂျာကိစ္စအတွက် မြန်မာဘက်က မည်သို့ ထိုင်းအား ကူညီမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ထိုင်းအစိုးရက ဆွေးနွေးပေးရန် စစ်အစိုးရဘက်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ထိုင်းအစိုးရဟာ မြန်မာစစ်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ထောက်ခံသလို ရုဒ်မက် (၇) ချက်နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလည်း ထောက်ခံပါတယ်။ ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ကျနော် ကတိပေးခဲ့ပါ တယ်။ အဲသလို ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေက ကျနော်တို့ကို ယုံကြည်ပုံရပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်က ပြောသည်။

ကေအန်ယူက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အတွက် လက်မခံနိုင်ကြောင်း မိမိကိုယ်တိုင် ကေအန်ယူပြောသည်ကို ကြားလိုသည်ဟုပါ ကာဆစ်က ပြောသည်။

ပဒိုဒေးဗစ်သကဘော ဆက်ပြောရာတွင် “ထိုင်းဘက်က ဆွေးနွေးလာမယ်ဆိုရင် ကျနော်တို့ဘက်က ငြိမ်းချမ်းတဲ့ နည်းနဲ့ စကားပြောမယ်။ ကျနော်တို့အခြေအနေ၊ တိုင်းပြည်အခြေအနေ၊ လူထုအခြေအနေတွေ ရှင်းပြပြီး အားလုံးအတွက် အကျိုးရှိမယ့် လုပ်ငန်းစဉ်တခုကို ချပြမယ်။ ကျနော်တို့ကတော့ လူထုဆန္ဒနဲ့အညီမဟုတ်ဘဲ နအဖလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုတော့ လုံးဝလက်မခံနိုင်ဘူး။ ၀င်စရာလည်း အကြောင်းမရှိဘူး” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များသည် ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များကို ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်မပြုဘဲ မိမိတို့တပ်စခန်းများတွင်သာ ပြန်လည်နေထိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက် နေ့စွဲဖြင့် အသိပေးအကြောင်း ကြားစာ ပေးပို့ခဲ့ပြီးဖြစ်သည်။

ကေအန်ယူ ဒု-ဥက္ကဋ္ဌက လက်ရှိအခြေအနေတွင် မိမိတို့အား ထိုင်းနယ်မြေထဲ လာရောက်ရန် ခွင့်မပြုသော်လည်း ဆေးဝါးကုသခွင့်၊ ခိုလူံခွင့်နှင့် အရေးပေါ်ကိစ္စများကို နိုင်ငံတကာစံအရ ထိုင်းနိုင်ငံက နားလည်ပေးမှုများရှိကြောင်း၊ ယခုကိစ္စတွင် ထိုင်းအမြင်နှင့် ကေအန်ယူအမြင် တူညီမူ မရှိနိုင်သော်လည်း ပဋိပက္ခဖြစ်နိုင်လောက်သည့် အခြေအ နေများ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဟု ယုံကြည်ကြောင်း ဖြည့်စွက်ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်....

အဆိပ်ပင်ကိုရေလောင်းကြရာဝယ်...

saw sater မှကူးယူဖေါ်ပြပါသည်

ဆက်လက်ဖတ်ရှုရန်....

Thursday, March 19, 2009

စိတ်ရင်းသရုပ်အမှန်



စိတ်ရင်းသရုပ်အမှန်....ကာတွန်းကို sawstar blog ထဲမှကူးယူဖေါ်ပြပါသည်...


ဆက်လက်ဖတ်ရှုရန်....

အချို့သောသဘာဝအလွဲများ


အရည်ရွှမ်းလဲ့သောသစ်သီးဝလံကိုစားသုံးပေးခြင်းအားဖြင့်ကျန်းမာရေးအရ အသားအရေစိုပြေပြည့်ဝလှပကြသည်..လို့....
ကြားဘူးနားဝ ဖတ်ဘူးမှတ်သားခဲ့ဘူးပါသည်...တစ်ခါတစ်ရံ
သေချာတွေးကြည့်မိလိုက်လျှင်...အချို့သောဆောင်ပုဒ်၊ အချို့သောသုတေဿန စည်းမျဉ်း
စည်းကမ်းများသည် အချို့အချို့သော..ဆင်းရဲချို့တဲ့သော ထိုထိုသောဘ၀များမှ ရုန်းကန်လှုပ်ရှားနေရသော
မပြည့်စုံသည့်ဘ၀သမားများနှင့်တစ်ခါတစ်ရံသွေဖီသွားတတ်သည်...

ချိုမြိန်ပြီးရွှမ်းလဲ့သောသစ်သီးဝလံမပြောနှင့်ထမင်းစားလျှင်ပင် ဟင်းအမယ်များဖွယ်ဖွယ်ရာရာမရှိ..
ငပိရည်ကျဲနှင့်တို့စရာအဖေါ်ပြုရသည့်တိုင်အောင်ပင် လှသွေးကြွယ်စိုပြေချောမွှေ့ကြသည်...
သဘာဝတရားသည် တစ်ခါတစ်လေတွင်
မသိသာသောနေရာမှ အလှည့်အပြောင်းလေး ပေးတတ်ကြသည်..အချို့ချို့သောတတ်နိုင်သောသူးများသည်
မနက်မိုးလင်းအလှပြင်ဆိုင်ပြေးကြပြီ...လှချင်လွန်းအားကြီးပါဘိ...အချို့အချို့တို့သည် ခုတ်ရာတစ်ခြား
ရှရာတစ်လွဲဖြစ်ကြသည်ကို ဘ၀တစ်ကွေ့တွင်တစ်ကြိမ်တစ်ခါ အသင်တွေ့ဘူးမိပေလိမ့်မည်.....
ထူးဆန်းလှသည်...တစ်ခါတစ်ရံအတွေ့အကြုံမရင့်ကျက်သေးသည့်အခိုက်အတန့်မို့
ကိုယ့်မျက်စေ့နဲ့ကိုယ်မယုံကြည်ချင်...အသို့ရှိပြီနည်း....သဘာဝတရားနှင့်လက်တွေ့တရားတစ်ခါတစ်ရံ
အလွဲများရှိနေနှင့်ပြီထင်ပါသည်...
yuntwor

ဆက်လက်ဖတ်ရှုရန်....

Tuesday, March 17, 2009

ညီမျှခြင်းသည်...မညီမျှခြင်းလော


ဘ၀သည်တစ်ခါတစ်လေ ဆန်းကြယ်လွန်းလှ၏....အချို့သူတွေအဖို့နတ်သုဒ္ဓါ
တစ်မျှအစားအစာသည်အထူးတစ်လည်အဆန်းတစ်ကြယ်မဟုတ်တော့...
ခံတွင်းတောင်မတွေ့ချင်ဖြစ်ကောင်းဖြစ်နေလိမ့်မည်...ကောင်းပေ့ဆိုသည့်
စားကောင်းသောက်ဖွယ်သည်ပင်သူတို့အဖို့နှာခေါင်းရှူတ်ချင်စရာ
ဖြစ်နေလိမ့်မည်
သို့ပေမင့် ထိုသူတို့အဖို့အစားအစာသည်ရောဂါဖြစ်လာရတော့၏...
ရောဂါသည်“အစားအစာ”မည်လေတော့၏..်ထမင်းလုံးတစ္ဆေခြောက်လေသည်လား...ထမင်းလုံးမြင်လျှင်
အချို့သောသူတွေလန့်လာ၏...“ဆီးချို”ကိုအားပေးတဲ့ထမင်းများဖြစ်နေမလား?...

အစားအစာသည်ပင်ရန်သူထင်မှတ်သံသယတွေဝင်လာတော့၏...ဟိုအသားမတည့်ဒီအရွက်မပါစေနဲ့..တဲ့....
ဟိုဆရာဝန်က အနီးကပ် ဒီပါရဂူက တစ်သသနဲ့...အချို့သောပြီးပြည့်စုံသောသူတွေကိုသာဆိုလိုတာပါ...
ပြည့်စုံခြင်းဟာလည်းမပြည့်စုံခြင်းဘဲလား...အရာရာတိုင်းစိုးရိမ်ခြင်းနဲ့ရင်တစ်မမ..
ငါတို့ကလေးနှာချေနေလေရဲ့...
အထူးကုဆေးခန်းပြေးလိုက်ရ မရှိတဲ့ရောဂါအတင်းရှာရနဲ့....ပြီးပြည့်စုံတဲ့ဘ၀ကနေအတင်းဒုက္ခတွေရှာဖွေ
နေကြတယ်...သေးငယ်တဲ့ရောဂါတွေကိုအတင်းမိုက်ခရိုစကုတ်နဲ့ အဆထောင်သောင်းမကပုံကြီးချဲ့တီထွင်
လာကြ...၀က်ခြံလေးတစ်လုံးကိုတင်းပုတ်လောက်မြင်လာအောင်ကြောက်နေတဲ့သူကို
ခြောက်ပြလာခဲ့ကြတယ်...ကြောက်စရာကြီးပါလားလို့ဆိုချင်ပါတယ်....

ကြက်ငှက်တုပ်ကွေးရောဂါတဲ့...ကြက်တွေသေကြ ငှက်တွေသေကြနဲ့.....လူတွေပါသေကြတယ်ဆိုဘဲ..
တစ်ချို့လူတွေအဖို့တော့မစားရတာကြာပြီဖြစ်တဲ့ ကြက်သားဟင်းမွှေးမွှေးလေးကို့ဒီနေ့မှအားရပါးရ
စားလိုက်ကြရတယ်.
ဈေးထဲမှာကြက်သားတွေဝယ်စားကြဖို့ကြောက်နေကြတယ်မဟုတ်လား..တွေးဆကြည့်လိုက်ယင်ဒီလူတွေ
ပညာဗဟုသုတ နည်းပါးလွန်းလို့လား...ဟုတ်မယ်မထင်ပါ..မပြည့်စုံခြင်းဟာတစ်ချို့အရာမှာပြီးပြည့်စုံတတ်
လွန်းလို့ပါ...ရောဂါဆိုးတွေဘယ်လောက်ဘဲကျရောက်ကျရောက် အချို့သောမပြည့်စုံတဲ့သူတွေမှာအန္တရာယ်
ကင်းဝေးကြတယ်...ကောင်းပေ့ဆိုတဲ့စားကောင်းသောက်ဖွယ်တွေကိုစားကြရတဲ့အချို့သော
ကလေးငယ်တွေဟာ..
ချူချာလွန်းတတ်ကြပေမဲ့ ဆန်ကြမ်းနဲ့မ၀ရေစာနှပ်မမှန်တဲ့ဘ၀ကိုဖြတ်သန်းရတဲ့
အချို့သောသူငယ်လေးတွေကြတော့
ထူထူထောင်ထောင်နဲ့ တကယ်ဘဲမသေနိုင်ကြဘူး..ထူးဆန်းလွန်းတယ်ဗျာ.....
သြော်...ညီမျှခြင်းဟာ မညီမျှခြင်းလားလို့...တစ်ခါတစ်လေ သံသယဖြစ်မိလေရဲ့....
Yunt Wor

ဆက်လက်ဖတ်ရှုရန်....

 

ယံင့်၀၀် Copyright © 2008 Black Brown Pop Template by Ipiet's Blogger Template