Friday, March 27, 2009

သည်လူလားစိတ်ကောင်းသမား?

မျက်နှာသည်စိတ်သဏ္ဍာန်၏ရုပ်ပြဖြစ်လျှင်..စိတ်တွင်းမှ
ကြံစည်သမျှ မျက်နှာတွင် ဖျက်လို့မရ ကိုယ့်ဘာသာကိုယ်ချယ်မှုန်းကြမည်ဆိုသည်မှာသံသယဖြစ်စရာလိုမည်
မထင်ပါ....စိတ်ချမ်းသာလျှင်မျက်နှာတွင်ပေါ်သည်..စိတ်ဆိုးဒေါသထွက်လျှင်အသင့်မျက်နှာ
အဘယ်သို့ရှိမည်ထင်သနည်း....ကြည်လင်သန့်ရှင်းဖေါ်ရွေသောမျက်နှာရှင်သည် ပကတိသူ့စိတ်အစဉ်လည်း
အေးမြအောင်ရှိနေရပါမည်...ဒုက္ခသုခနှင့်ဆိုင်လိမ့်မည်မထင်ပေ..ချစ်ကြည်သူတွေများလို့..
တိုက်ခိုက်သူတွေရှိနေလို့..ဒါတွေနှင့်လည်းလုံးလုံးသက်ဆိုင်လိမ့်မည်မဟုတ်ပေ....
ဥပမာအနေဖြင့်ပြရလျှင်..အမေရိကန်လိုနိုင်ငံကြီးတွင်သူဖြူလျှင်ငါအမဲ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြတဲ့
လူအမျိုးမျိုးစိတ်အဖုံဖုံ ပြဿနာပေါင်းစုံနှင့် ဤနိုင်ငံတွင်လွန်ဆွဲအားကြီးလွန်းလှသည်..
ခေါင်းဆောင်တစ်ယောက်အဖို့သည်လိုအခြေအနေတွင် တော်ရုံတန်ရုံစိတ်ထားကောင်းရုံနှင့်
အပြုံးတွေပျောက်ကွယ်ပြီး ဘီလူးသရဲရုပ်ပေါက်လာမည်မှာမလွဲပေ..အာဏာရလာသည်နှင့်လူတွေသည်
ဇာတိရုပ်သည်ပေါ်လာကြရသည်....စိတ်ထားသည်ဤနေရာတွင်ပါဝါပြကြ၏..ကောင်းသောသူများ
အများအကျိုးကောင်းဖို့သယ်ပိုးကြသလို မကောင်းသောမသူတော်များကိုယ်ကျိုးအတွက်ရက်စက်ပြပါလိမ့်မည်
စိတ်သွားတိုင်းကိုယ်ပါကြရသောသည်လူ့ဘုံ..တိုးတက်ထွန်းကားပြီးလူ့အသိဥာဏ်ဖွံ့ဖြိုးလွန်းလှသော
သည်ခေတ်..သည်လိုအခါကြုံရပါလျှက်နှင့်တစ်ချို့သောလူတွေသည်ခေတ်နောက်ပြန်ဆွဲကြ၊
ဟိုး...ရှေးပဝေသဏီကဘုရင်ခေတ်လိုလို ရောမခေတ်လိုလို.. တစ်ကိုယ်ကောင်းဆန်တဲ့လူ့စိတ်အရိုင်း
ကျောက်ခေတ်ကတိရစ္ဆာန်သာသာလူ့ယဉ်ကျေးမှုလိုလို..ဇာတ်ထဲမှာသာကပြရမည့်အရာကို
လောကဇာတ်ခုံမှာကလိုကနဲ့ ၊ လူအများဒုက္ခရောက်ကြ အော်ဟစ်ငိုယိုနေကြတဲ့အချိန်မှာ မျက်စိစုံမှိတ်လို့ဥပေက္ခာတရား တကယ်ဘဲသူများပြောသလိုတရားပေါက်လို့ ပွါးများလိုက်တာလား၊
တကယ်ဆို သည်လူ့စိတ်ထားမျက်နှာမှာအထင်းသား....အကဲခတ်သမားများခွဲခြား.....ခွဲခြားကြပေါ့ဗျား....
ပြည်သူ့အရေး..အများအရေး ဦးစားပေးလို့အများအကျိုးသယ်ပိုးရတာခေါင်းအထက်မှာလေးနေပေမဲ့..လူတကာ
ပြေလည်လို့ဒုက္ခတွေဝေးကြယင် စိတ်မှာလည်းအေး သူ့အပြုံးနွေးနွးလေးပေါ့...လူတကာတိုင်းအားကိုးနိုင်တဲ့
မဟာ့မဟာဂရုဏာတရားတွေက ဒီလူတွေရဲ့ကိုယ်စိတ်နှလုံးသားထဲမှာလှည့်ပတ်ကိန်းအောင်းလျှက်ဘဲဗျ..
တကယ်ဆို သည်လူ့စိတ်ထား မျက်နှာမှာအထင်းသားပါဗျာ...အကဲခတ်သမားများ ခွဲခြား..ခွဲခြား။
sawstar
http://www.sawstar-sawstar,blogspot.com မှကူးယူဖေါ်ပြပါသည်

0 comments:

Post a Comment

 

ယံင့်၀၀် Copyright © 2008 Black Brown Pop Template by Ipiet's Blogger Template