Thursday, March 19, 2009

အချို့သောသဘာဝအလွဲများ


အရည်ရွှမ်းလဲ့သောသစ်သီးဝလံကိုစားသုံးပေးခြင်းအားဖြင့်ကျန်းမာရေးအရ အသားအရေစိုပြေပြည့်ဝလှပကြသည်..လို့....
ကြားဘူးနားဝ ဖတ်ဘူးမှတ်သားခဲ့ဘူးပါသည်...တစ်ခါတစ်ရံ
သေချာတွေးကြည့်မိလိုက်လျှင်...အချို့သောဆောင်ပုဒ်၊ အချို့သောသုတေဿန စည်းမျဉ်း
စည်းကမ်းများသည် အချို့အချို့သော..ဆင်းရဲချို့တဲ့သော ထိုထိုသောဘ၀များမှ ရုန်းကန်လှုပ်ရှားနေရသော
မပြည့်စုံသည့်ဘ၀သမားများနှင့်တစ်ခါတစ်ရံသွေဖီသွားတတ်သည်...

ချိုမြိန်ပြီးရွှမ်းလဲ့သောသစ်သီးဝလံမပြောနှင့်ထမင်းစားလျှင်ပင် ဟင်းအမယ်များဖွယ်ဖွယ်ရာရာမရှိ..
ငပိရည်ကျဲနှင့်တို့စရာအဖေါ်ပြုရသည့်တိုင်အောင်ပင် လှသွေးကြွယ်စိုပြေချောမွှေ့ကြသည်...
သဘာဝတရားသည် တစ်ခါတစ်လေတွင်
မသိသာသောနေရာမှ အလှည့်အပြောင်းလေး ပေးတတ်ကြသည်..အချို့ချို့သောတတ်နိုင်သောသူးများသည်
မနက်မိုးလင်းအလှပြင်ဆိုင်ပြေးကြပြီ...လှချင်လွန်းအားကြီးပါဘိ...အချို့အချို့တို့သည် ခုတ်ရာတစ်ခြား
ရှရာတစ်လွဲဖြစ်ကြသည်ကို ဘ၀တစ်ကွေ့တွင်တစ်ကြိမ်တစ်ခါ အသင်တွေ့ဘူးမိပေလိမ့်မည်.....
ထူးဆန်းလှသည်...တစ်ခါတစ်ရံအတွေ့အကြုံမရင့်ကျက်သေးသည့်အခိုက်အတန့်မို့
ကိုယ့်မျက်စေ့နဲ့ကိုယ်မယုံကြည်ချင်...အသို့ရှိပြီနည်း....သဘာဝတရားနှင့်လက်တွေ့တရားတစ်ခါတစ်ရံ
အလွဲများရှိနေနှင့်ပြီထင်ပါသည်...
yuntwor

0 comments:

Post a Comment

 

ယံင့်၀၀် Copyright © 2008 Black Brown Pop Template by Ipiet's Blogger Template