Tuesday, March 17, 2009

ညီမျှခြင်းသည်...မညီမျှခြင်းလော


ဘ၀သည်တစ်ခါတစ်လေ ဆန်းကြယ်လွန်းလှ၏....အချို့သူတွေအဖို့နတ်သုဒ္ဓါ
တစ်မျှအစားအစာသည်အထူးတစ်လည်အဆန်းတစ်ကြယ်မဟုတ်တော့...
ခံတွင်းတောင်မတွေ့ချင်ဖြစ်ကောင်းဖြစ်နေလိမ့်မည်...ကောင်းပေ့ဆိုသည့်
စားကောင်းသောက်ဖွယ်သည်ပင်သူတို့အဖို့နှာခေါင်းရှူတ်ချင်စရာ
ဖြစ်နေလိမ့်မည်
သို့ပေမင့် ထိုသူတို့အဖို့အစားအစာသည်ရောဂါဖြစ်လာရတော့၏...
ရောဂါသည်“အစားအစာ”မည်လေတော့၏..်ထမင်းလုံးတစ္ဆေခြောက်လေသည်လား...ထမင်းလုံးမြင်လျှင်
အချို့သောသူတွေလန့်လာ၏...“ဆီးချို”ကိုအားပေးတဲ့ထမင်းများဖြစ်နေမလား?...

အစားအစာသည်ပင်ရန်သူထင်မှတ်သံသယတွေဝင်လာတော့၏...ဟိုအသားမတည့်ဒီအရွက်မပါစေနဲ့..တဲ့....
ဟိုဆရာဝန်က အနီးကပ် ဒီပါရဂူက တစ်သသနဲ့...အချို့သောပြီးပြည့်စုံသောသူတွေကိုသာဆိုလိုတာပါ...
ပြည့်စုံခြင်းဟာလည်းမပြည့်စုံခြင်းဘဲလား...အရာရာတိုင်းစိုးရိမ်ခြင်းနဲ့ရင်တစ်မမ..
ငါတို့ကလေးနှာချေနေလေရဲ့...
အထူးကုဆေးခန်းပြေးလိုက်ရ မရှိတဲ့ရောဂါအတင်းရှာရနဲ့....ပြီးပြည့်စုံတဲ့ဘ၀ကနေအတင်းဒုက္ခတွေရှာဖွေ
နေကြတယ်...သေးငယ်တဲ့ရောဂါတွေကိုအတင်းမိုက်ခရိုစကုတ်နဲ့ အဆထောင်သောင်းမကပုံကြီးချဲ့တီထွင်
လာကြ...၀က်ခြံလေးတစ်လုံးကိုတင်းပုတ်လောက်မြင်လာအောင်ကြောက်နေတဲ့သူကို
ခြောက်ပြလာခဲ့ကြတယ်...ကြောက်စရာကြီးပါလားလို့ဆိုချင်ပါတယ်....

ကြက်ငှက်တုပ်ကွေးရောဂါတဲ့...ကြက်တွေသေကြ ငှက်တွေသေကြနဲ့.....လူတွေပါသေကြတယ်ဆိုဘဲ..
တစ်ချို့လူတွေအဖို့တော့မစားရတာကြာပြီဖြစ်တဲ့ ကြက်သားဟင်းမွှေးမွှေးလေးကို့ဒီနေ့မှအားရပါးရ
စားလိုက်ကြရတယ်.
ဈေးထဲမှာကြက်သားတွေဝယ်စားကြဖို့ကြောက်နေကြတယ်မဟုတ်လား..တွေးဆကြည့်လိုက်ယင်ဒီလူတွေ
ပညာဗဟုသုတ နည်းပါးလွန်းလို့လား...ဟုတ်မယ်မထင်ပါ..မပြည့်စုံခြင်းဟာတစ်ချို့အရာမှာပြီးပြည့်စုံတတ်
လွန်းလို့ပါ...ရောဂါဆိုးတွေဘယ်လောက်ဘဲကျရောက်ကျရောက် အချို့သောမပြည့်စုံတဲ့သူတွေမှာအန္တရာယ်
ကင်းဝေးကြတယ်...ကောင်းပေ့ဆိုတဲ့စားကောင်းသောက်ဖွယ်တွေကိုစားကြရတဲ့အချို့သော
ကလေးငယ်တွေဟာ..
ချူချာလွန်းတတ်ကြပေမဲ့ ဆန်ကြမ်းနဲ့မ၀ရေစာနှပ်မမှန်တဲ့ဘ၀ကိုဖြတ်သန်းရတဲ့
အချို့သောသူငယ်လေးတွေကြတော့
ထူထူထောင်ထောင်နဲ့ တကယ်ဘဲမသေနိုင်ကြဘူး..ထူးဆန်းလွန်းတယ်ဗျာ.....
သြော်...ညီမျှခြင်းဟာ မညီမျှခြင်းလားလို့...တစ်ခါတစ်လေ သံသယဖြစ်မိလေရဲ့....
Yunt Wor

0 comments:

Post a Comment

 

ယံင့်၀၀် Copyright © 2008 Black Brown Pop Template by Ipiet's Blogger Template